11
Feb

ပဲခူးတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် United Nations Environment Programme (UNEP) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်း လုပ်ဆောင်ခြင်းစီမံကိန်း Southeast Asia Knowledge Network of Climate Change Offices (SEAN-CC) ၏ စီမံကိန်းနယ်မြေတစ်ခုဖြစ်သည့် ပဲခူးမြို့၊ ပဲခူးခရိုင်၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စသည်ဖြင့် အဆင့်(၃)ဆင့်သတ်မှတ်၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကို ၂၇-၁-၂၀၁၆ ရက်နေ့ ပဲခူးခရိုင်၊ အ.ထ.က (၂) ၌ လည်းကောင်း၊ ဆုချီးမြှင့်ခြင်းအခမ်းအနားအား ၁၁-၂-၂၀၁၆ ရက်နေ့ ညနေ (၁၃:၃၀) နာရီ အချိန်တွင် ပဲခူးခရိုင် ၊ အ.ထ.က(၁)၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာဦးစီးဌာနမှ အရာထမ်းများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၃၇၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဆုရ ကျောင်းသား/ကျောင်းသူ များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားအား ညနေ (၁၅:၃၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။”