16
Feb

မန္တလေးတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်းပို့ချမှုများအနက် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် သင်ခန်းစာများပို့ချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုအေးသည် (၁၆-၂-၂၀၁၆) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၁:၂၀) နာရီ အချိန်ထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်သည့် တက္ကသိုလ်၊ ကောလိပ် ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၁) မှ သင်တန်းသား/သင်တန်းသူ (၇၂၉) ဦးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ် သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။”