08
Feb

မန္တလေးတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အခမ်းအနားများ ကျင်းပပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က (၂၆) ၌ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေး စာစီစာကုံးပြိုင်ပွဲအား ကျင်းပခဲ့ပြီး (၈-၂-၂၀၁၆) ရက်နေ့တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုအေးမှ အခမ်းအနား ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ဆုရကျောင်းသူ/ ကျောင်းသားများအား ဆုများပေးအပ်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး Video အားပြသခြင်းနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသူ/ ကျောင်းသားများအား အကျွေးအမွေးဖြင့်ဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။”