06
Feb

ကချင်ပြည်နယ်၏ အသိပညာပေးသင်တန်းနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလှတရားများကို တန်ဖိုးထားချစ်မြတ်နိုးစေရန်ရည်ရွယ်၍ ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Spectrum-(Sustainable Development Knowledge Network) တို့ပူးပေါင်းပြီး ၆-၂-၂၀၁၆ ရက်နေ့ (၀၉:၀၀) နာရီတွင် ဗန်းမော်မြို့၊ အ.ထ.က(၃) ၌ Training on Trainers (TOT)-Environmental Education Program သင်တန်းအားဖွင့်လှစ်ခဲ့ရာ ဗန်းမော်မြို့နယ်၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးကိုယ်စား ဦးစီးအရာရှိ ဦးကျော်ကျော်အောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ Spectrum မှ ဒေါ်ဂျာဘောက်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ ဆရာ/ဆရာမများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး စာအုပ်များ၊ စာအုပ်ထည့်သည့်ပုံးများပေးအပ်ခြင်းနှင့် သင်တန်းသို့ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ညနေ (၁၇:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။”