25
Jan

မွန်ပြည်နယ်၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမင်းသိန်းထွန်း ဦးဆောင်သောအဖွဲ့သည် ၂၅.၁.၂၀၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အ.ထ.က (၂)၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၃၇၀) ဦးခန့်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးမင်းသိန်းထွန်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းသိကောင်းစရာများနှင့် ဒုတိယလက်ထောက်ဦးစီးမှူး ဦးသက်နိုင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။”