29
Jan

မန္တလေးတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် United Nations Environment Programme (UNEP) တို့ပူးပေါင်း၍ Southeast Asia Knowledge Network of Climate Change Offices (SEAN-CC) ၏ စီမံကိန်းနယ်မြေတစ်ခုဖြစ်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က (၂၆) တွင် ၂၉-၁-၂၀၁၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်တို့ဖြင့် အဆင့်(၃)ဆင့်သတ်မှတ်၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စာစီစာကုံးပြိုင်ပွဲ ကျင်းပပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား အကျွေးအမွေးဖြင့် ဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။”