11
Sep

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု

“  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူးရုံးမှ  ဦးစီးအရာရှိ ဦးကျော်စွာဝင်း ဦးဆောင်သော အဖွဲ့သည် ၁၁.၉.၂၀၁၅ ရက်နေ့တွင် ဘားအံမြို့ အ.ထ.က(လှာကာ)ကျောင်း၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/သူများ (၃၁၀) ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်စွာဝင်းမှ အိုဇုန်းလွှာနှင့်ခရမ်းလွန်ရောင်ခြည်၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်အေးအေးစန်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ စသည့်ခေါင်းစဉ်များကို  ဆွေးနွေးပြောကြားခဲ့ကြောင်း ”  သတင်းရရှိပါသည်။