30
Sep

အမျိုးသားအထောက်အကူပြုယူနစ် (National Support Unit-NSU) အတွက် NSU Coordinator (၁) ဦး၊ Administrative Assistant (၁) ဦးနှင့် Finance Assistant (၁) ဦး ခေါ်ယူခြင်း

၁။      ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမျိုးသားအထောက်အကူပြု ယူနစ်လုပ်ငန်းများအား ပေါင်းစပ် ညှိနှိုင်းပေးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်စနစ်များဖွဲ့စည်းတည်ထောင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးအတွက် ဝန်ထမ်း(၃)ဦးကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးအကူအညီ ဖြင့် ခေါ်ယူခန့်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂။      အဆိုပါစီမံကိန်းကာလမှာ (၁၆)လ ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် အတွက် ပူးတွဲပါအရည်အချင်းနှင့်ပြည့်မီသူ NSU Coordinator (၁) ဦး၊ Administrative Assistant (၁) ဦး၊ Finance Assistant (၁) ဦး လစ်လပ်လျက်ရှိပါသည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်၊ အသေးစိတ်အချက်အလက်များနှင့်အတူ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါသည်။

          (က) (NSU Coordinator) အတွက် သတ်မှတ်အရည်အချင်း

(၁)    သဘာဝသယံဇာတ စီမံခန့်ခွဲမှုဘာသာရပ်ကဲ့သို့သော သက်ဆိုင်သည့် ဘာသာရပ် နှင့်ပတ်သက်၍ မဟာဘွဲ့ ရရှိသူဖြစ်ရမည်။

(၂)    သက်ဆိုင်ရာနယ်ပယ်၌ လုပ်သက်အနည်းဆုံး(၅)နှစ်ရှိရမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပါက ပိုမိုကောင်းမွန် ပါသည်။

(၃)    ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

(၄)    ပါဝင်ပတ်သက်သူများနှင့် ကဏ္ဍအသီးသီးအလိုက် သတင်းအချက်အလက်နှင့် အသိပညာများ ထိရောက်စွာ ဖလှယ်နိုင်သူဖြစ်ရမည်။

(၅)    အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူ ဖြစ်ရမည်။

(၆)    (Microsoft Word၊ Excel နှင့် Powerpoint) အပါအဝင်ကွန်ပျူတာကျွမ်းကျင် ရမည်။

(၇)    ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။

(၈)    အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။

(၉)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၁၀)  လိုအပ်ပါက ပြည်တွင်းခရီး သွားလာနိုင်သူဖြစ်ရမည်။

(ခ) (Administrative Assistant) အတွက် သတ်မှတ်အရည်အချင်း

(၁)    စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့်ပတ်သက်၍ ဘွဲ့ဒီဂရီ (သို့မဟုတ်) ဒီပလိုမာ ရရှိသူ ဖြစ်ရမည်။

(၂)    သက်ဆိုင်ရာနယ်ပယ်၌ လုပ်သက်အနည်းဆုံး(၂)နှစ်ရှိရမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပါက ပိုမိုကောင်းမွန် ပါသည်။

(၃)    အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူ ဖြစ်ရမည်။

(၄)    (Microsoft Word၊ Excel နှင့် Powerpoint) အပါအဝင်ကွန်ပျူတာကျွမ်းကျင် ရမည်။

(၅)    ဆက်ဆံရေးကောင်းမွန်ရမည်။

(၆)    အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။

(၇)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၈)    လိုအပ်ပါက ပြည်တွင်းခရီး သွားလာနိုင်သူဖြစ်ရမည်။

 

(ဂ) (Finance Assistant) အတွက် သတ်မှတ်အရည်အချင်း

(၁)    စာရင်းအင်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ဒီပလိုမာ(သို့) တက္ကသိုလ်မှ ဘွဲ့ရရှိရမည်။

(၂)    သက်ဆိုင်ရာနယ်ပယ်၌ လုပ်သက်အနည်းဆုံး(၃)နှစ်ရှိရမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပါက ပိုမိုကောင်းမွန် ပါသည်။

(၃)    အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူ ဖြစ်ရမည်။

(၄)    (Microsoft Word၊ Excel နှင့် Powerpoint) အပါအဝင်ကွန်ပျူတာကျွမ်းကျင် ရမည်။

(၅)    ဆက်ဆံရေးကောင်းမွန်ရမည်။

(၆)    အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။

(၇)    ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၈)    လိုအပ်ပါက ပြည်တွင်းခရီး သွားလာနိုင်သူဖြစ်ရမည်။

 

(ဃ)    တာဝန်ထမ်းဆောင်ရမည့်နေရာ        –        ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

                                                                   ရုံးအမှတ်(၅၃)၊ နေပြည်တော်

(င)     တာဝန်ထမ်းဆောင်ရမည့်ကာလ       –        (၁၆) လ

(စ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ဆ)    NSU Coordinator၊ Administrative Assistant၊ Finance Assistant တို့၏ တာဝန်ဝတ္တရားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သယံဇာတထိန်းသိမ်းရေး နှင့်ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာန(ဖုန်း-၀၆၇-၄၃၁၃၂၉/၀၆၇-၄၃၁၃၂၈)ထံတွင် တောင်းယူနိုင်ပါသည်။

 

ဆက်သွယ်ရန်လိပ်စာ –         ဒေါက်တာဆန်းဦး၊ ညွှန်ကြားရေးမှူး

                                                ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

                                                ရုံးအမှတ်(၅၃)၊ နေပြည်တော်

                                                ဖုန်း- ၀၆၇-၄၃၁၃၂၉/၀၆၇-၄၃၁၃၂၈

                                                ဖက်စ် – ၀၆၇-၄၃၁၃၂၉