12
Aug

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အထိမ်းအမှတ် အခမ်းအနားများတွင် ပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမော်မော်ကို ဦးဆောင်သောအဖွဲ့သည် ၁၂.၈.၂၀၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်မောင်မယ်များနေ့ အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်သန့်ရှင်းရေး အမှိုက်ကောက်ပွဲနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုးပွဲတော်အား ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ ကန်ခုနှစ်ဆင့်၌ သစ်တောဦးစီးဌာနနှင့် ဆယ်သဲသင်ယူလေ့လာမှုဆုံရပ်မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၉၄) ဦးဖြင့် အမှိုက်ကောက်ခြင်းနှင့် ခါတော်မှီပျိုးပင်(၁၁၀) ပင်အား စိုက်ပျိုးခဲ့ကြောင်း ” သတင်းရရှိပါသည်။