18
May

National Environmental Quality (Emission) Guidelines (Final Draft) / အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (အပြီးသတ်မူကြမ်း) နှင့်ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှု

၁။      National Environmental Quality (Emission) Guidelines ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အာရှဖွံ့ဖြိုးမှုဘဏ်မှ Environmental Safeguards and Monitoring Specialist ဖြစ်သူ Mr. Iain Watson နှင့် International Management Group မှ အမျိုးသားနည်းပညာအကြံပေး ဦးရန်မင်းအောင်တို့ ပူးပေါင်း၍ ရေးဆွဲပြုစု ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းဗဟိုဌာန၊ (IBC)၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စည်ပင်သာယာရေးကော်မတီများမှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် မန္တလေးမြို့ရှိ စက်မှု ဇုန်များ၊ ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သီးခြားဖိတ်ကြား ထားသည့် ပြင်ပပညာရှင်များ၊ သတင်းဂျာနယ်များမှ စုစုပေါင်း (၁၀၃) ဦး တက်ရောက် ခဲ့ကြပြီး ကိုယ်စားလှယ်များမှ ဆွေးနွေးအကြံပြုချက်များအပေါ်အခြေခံ၍ National Environmental Quality (Emission) Guidelines (Draft) ကို ပြင်ဆင်ဖြည့်စွက်ခဲ့ ပါသည်။

၂။      National Environmental Quality (Emission) Guidelines (Draft) နှင့် ပတ်သက်သည့် ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲအား ၂၀၁၅ ခုနှစ်၊ မတ်လ (၁၄) ရက် (စနေနေ့)တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာန၊ (IBC)၌ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာနအားလုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စည်ပင်သာယာရေး ကော်မတီများမှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စား လှယ်များ၊ ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် မန္တလေးမြို့ရှိ စက်မှုဇုန်များ၊ ပတ်ဝန်းကျင်အရည် အသွေးစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီမှ အဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သီးခြားဖိတ်ကြားထားသည့် ပြင်ပပညာရှင်များ၊ သတင်းဂျာနယ်များမှ စုစုပေါင်း(၁၁၄)ဦး တက်ရောက်ခဲ့ပါသည်။

၃။      ယခုအခါ National Environmental Quality (Emission) Guidelines (Final Draft) အား ဝန်ကြီးဌာနအားလုံးမှ သဘောထားမှတ်ချက်များ၊ အမျိုးသား ပတ်ဝန်းကျင် ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (မူကြမ်း)နှင့်ပတ်သက်သည့် ပထမအကြိမ် ရှင်းလင်းဆွေးနွေးပွဲနှင့် ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲတို့မှ သဘော ထားမှတ်ချက်များအရ ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ ရေးဆွဲပြုစုထားပြီး ထုတ်ပြန်နိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

၄။      သို့ဖြစ်ပါ၍ National Environmental Quality (Emission) Guidelines (Final Draft) အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် သဘောထား၊ အကြံပြုချက်များကို Fax Phone – 067431324  နှင့် E.mail – pcd.ecd@moecaf.gov.mm သို့ ပေးပို့နိုင်ပါကြောင်း အသိပေး အပ်ပါသည်။

(မှတ်ချက်။      National Environmental Quality (Emission) Guidelines (Final Draft) အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာအား အသိပညာပေးကဏ္ဍ၊ ပညာပေးစာအုပ်များတွင် ရယူနိုင်ပါသည်။)