24
Jun

မန္တလေးတိုင်းဒေသကြီး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် (၅.၆.၂၀၁၉) ရက်နေ့၊ နံနက် (၀၇:၀၀)နာရီမှ (၀၉:၀၀) နာရီအချိန်ထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြင်ဦးလွင်မြို့၊ မေမြို့စက်ဘီးချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ ကာဗွန်ထုတ်လုပ်လျှော့ချရေး စက်ဘီးလှုပ်ရှားမှုနှင့် အရပ်ဖက်လူ့မှုအဖွဲ့အစည်းများဖြစ်သော စိမ်းလန်းပြင်ဦးလွင်၊ စိမ်းလန်းရွှေသင်း၊ သန္တိသုခလူမှုကူညီရေးအသင်းနှင့် လီဆူဓမ္မတက္ကသိုလ်တို့ပူးပေါင်း၍ ပတ်ဝန်းကျင်သန့်ရှင်းရေး လှုပ်ရှားမှု စုပေါင်းပလတ်စတစ် စွန့်ပစ်အမှိုက်ကောက်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပက်စတယ်လော့(ဒ်)ဇီ ကလေးများဖောင်ဒေးရှင်း(Pestalozzi Children’s Foundation)နှင့် ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရွာတော်လေးကျေးရွာ၊ ချမ်းမြေ့သာစည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျောင်းထိုင်ဆရာတော်၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းလှုပ်ရှားမှုများကို ဆွေးနွေးပွဲတက်ရောက်လာသည့် ဧည်သည်များ၊ ကျောင်းသား/ ကျောင်းသူများမှ အရိပ်ရပင်နှင့် နေကာပင်များ စုစုပေါင်းအပင် (၂၀၀)အား (၅.၆.၂၀၁၉) ရက်နေ့တွင် စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ ပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို (၅.၆.၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးပါစည်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်၏ အမှုဆောင်ညွှန်ကြားရေးမှူး ၊ Ms. Joyec Msuya တို့၏ ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် သဝဏ်လွှာအား ဖတ်ကြားခြင်း၊ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ ချမှတ်ထုတ်ပြန်ကြောင်း အသိပေးကြေညာခြင်းနှင့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျုဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်များ ချမှတ်ထုတ်ပြန်ကြောင်း အသိပေးကြေညာခြင်းများအား ရှင်းလင်တင်ပြခြင်း၊ ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း စာစီစာကုံး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား ဆုအသီးသီး ချီးမြှင့်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနား တက်ရောက်သူ စုစုပေါင်း (၃၅၀) ဦးတက်ရောက်ခဲ့၍ အခမ်းအနားရှိပြခန်းများအား လှည့်လည်ကြည့်ရူအားပေးခဲ့၍ အခမ်းအနားအား (၁၁:၀၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။