21
Jun

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၇-၆-၂၀၁၉ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးဝင်းနှင့် လက်ထောက် ဦးစီးမှူး ဦးသူရဇော်တို့သည် သရက်ချောင်းမြို့နယ် တံခွန်တိုင်ကျေးရွာ၌လည်းကောင်း၊ ၂၀−၆−၂၀၁၉ရက်နေ့နံနက်ပိုင်းတွင် လက်ထောက် ဦ:စီးမှူး ဦးသူရဇော်သည် ထားဝယ်မြို့၊ ဦးကျော်ရင်လမ်း၊ ရိုမန်ကတ်သလစ် ပရဟိတကျောင်း၌လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဌာနခွဲစာရေး ဒေါ်ချိုချိုဝင်းအောင်သည် D-PEN ကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း၊ ၂၁−၆−၂၀၁၉ရက်နေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးဝင်းသည် ရွှေဂုဏ်ထူး ကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း၊၂၆−၆−၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် ဦ:စီးအရာရှိ ဦးစည်သူအောင်သည် ထားဝယ်မြို့နယ်၊ သတ္တုတွင်းဦးစီးဌာန၌လည်းကောင်း၊ နေ့လယ်ပိုင်းတွင် လက်ထောက်ဦ:စီးမှူး ဦ:ကျော်ထွေးလှိုင်သည် တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ အထက(၁)၌လည်းကောင်း၊ ၂၇.၆.၂၀၁၉ ရက်နေ့တွင် လက်ထောက်ဦ:စီးမှူး ဦ:ကျော်ထွေးလှိုင်သည် မြိတ်မြို့၊ ကန်ကြီးရပ်ကွက် ဘုရားကြီးကျောင်း ဓမ္မစကူးလ်သင်တန်း၌လည်းကောင်း၊ “ပလတ်စတစ်ညစ်ညမ်းမှုနှင့်အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ၊ သစ်ပင် စိုက်ပျိုးခြင်းအကျိုးကျေးဇူးနှင့် ကြွပ်ကြွပ်အိတ်၏ဆိုးကျိုးများ၊ သစ်တောသယံဇာတထိန်းသိမ်းရေး၊ လေထုညစ်ညမ်းမှုနှင့် ယင်းကြောင့် ဖြစ်ပေါ်နေသောဆိုးကျိုးများ၊ သတ္တုတူးဖော်မှုဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊ ပတ်ဝန်းကျင်နှင့်ကြွပ်ကြွပ်အိတ် အန္တရာယ် အကြောင်းသိကောင်းစရာ ” ခေါင်းစဉ်တို့ဖြင့် ဟောပြောပို့ချ ဆွေးနွေးခဲ့ပြီး စုစုပေါင်း (၇၆၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”