02
Apr

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန အသိပညာပေးလှုပ်ရှားမှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန အသိပညာပေးလှုပ်ရှားမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာ တိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်မျိုးနိုင်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ (၁၂:၃၀) နာရီအထိ ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာ၊ ဓမ္မာရုံ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းတွင် ကျေးလက်ဒေသနေ ရပ်မိ/ရပ်ဖ များနှင့် ကျေးရွာသူ/သားဦးရေ (၁၀၀)ဦးအားလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့၊ နေ့လည်(၃) နာရီမှ (၅:၃၀) နာရီအထိ ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာ၊ ဓမ္မာရုံ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းတွင် ကျေးလက်ဒေသနေ ရပ်မိ/ရပ်ဖ များနှင့် ကျေးရွာသူ/သားဦးရေ (၇၀)ဦးအားလည်းကောင်း၊ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းလမ်းများ ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်ဖြင့် အသိပညာပေးဟောပြော​ခဲ့ကြောင်း သတင်းရရှိ ပါသည်။