09
Apr

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ လစာနည်းဝန်ထမ်းများအား ထောက်ပံ့မှုအစီအစဉ်

မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ ဌာနများမှ နေပြည်တော်တွင် နေထိုင်လျက်ရှိသည့် လစာနည်းဝန်ထမ်း များဖြစ်သည့် အငယ်တန်းစာရေး/ ဒုတိယလက်ထောက်ဦးစီးမှူးရာထူး အဆင့်တူ ဝန်ထမ်းများနှင့် အောက်အဆင့်ဝန်ထမ်း (၉၂) ဦး၊ နေ့စားဝန်ထမ်း (၃၇) ဦး စုစုပေါင်း (၁၂၉) ဦးအတွက် ဝန်ထမ်းတစ်ဦးလျှင် ဆန် (၆) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား(၅၀) ကျပ်သားနှင့် ကုလားပဲ (၅၀) ကျပ်သားစီ ထောက်ပံ့ပေးခဲ့ပါသည်။