26
Jun

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day- WRD) အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပခြင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day- WRD) အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို ၂၆-၆-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် Naypyitaw State Polytechnic University ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Polytechnic University မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၀၄)ဦး တက်ရောက်ခဲ့ကြပါသည်။

ဒုတိယညွန်ကြားရေးမှူးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားစဉ်