18
May

အတည်ပြုပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာများ၏ အတည်ပြုကြောင်းစာ များကို အများပြည်သူသိရှိနိုင်ရန်အတွက် ကြေညာခြင်း

အတည်ပြုပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာများ၏ အတည်ပြုကြောင်းစာ များကို အများပြည်သူသိရှိနိုင်ရန်အတွက် ကြေညာခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသောအတည်ပြုပြီးဖြစ်သည့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာများကို  ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်း အပိုဒ် ၄၁ (ဂ) အရလည်းကောင်း၊ အတည်ပြုပြီးဖြစ်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၈၀ (ဂ) အရလည်းကောင်း  အများပြည်သူသိရှိရန် ထုတ်ပြန်ကြေငြာရမည်ဖြစ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် အတည်ပြု ထုတ်ပြန်ပြီးဖြစ်သည့် အောက်ပါ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာများ၏ အတည်ပြု ကြောင်းစာများ ကို အများပြည်သူသိရှိနိုင်ရန်အတွက် ကြောညာအပ်ပါသည်။

 ()   ဖွံ့ဖြိုးမြန်မာစွမ်းအားဆောက်လုပ်ရေး သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီ အရင်ခံစာ (ရှမ်းပြည်နယ်၊ မဘိန်းမြို့နယ်၊ မြစုံကျေးရွာအုပ်စု ဘဟဲဒေသ )

()    ပတ္တမြားနဂါးကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တောင်ကုန်းဒေသ၊ ကျောက်ပါးစပ်−1A,1B,1C,1D)

()    စည်းလုံးသောစွမ်းအားအရင်းအမြစ်ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော် ထုတ် လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါးနီးကျေးရွာ၊ TPK- 222)

 

()    ရွှေဘုရင်အိမ်ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော် ထုတ်လုပ် ခြင်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအရင်ခံစာ (မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်ချမ်းသာကျေးရွာအုပ်စု၊ရှာချက်ဒေသ၊)

()    ရွှေမဟော်ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော် ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ SHML-445)

www.ecd.gov.mm  website ၏ မူဝါဒနှင့်ဥပ​​​​ဒေများ Link အောက်တွင် zip pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [19.57 MB]