21
Feb
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ပြင်ပဝင်ပေါက်မှခေါ်ယူသည့် ဒုတိယဦးစီးမှူးရာထူး (၃၄)နေရာနှင့် စာရင်းကိုင် (၂)ရာထူး (၆) နေရာအတွက်ရေးဖြေစာမေးပွဲဖြေဆိုခဲ့သူများအနက် လူတွေ့ဖြေဆိုခွင့်ရရှိသူစာရင်းထုတ်ပြန်ကြေညာခြင်း
ဖြေဆိုခွင့်ရရှိသူများကို (၂၈-၂-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် နံနက် (၀၉း၀၀) နာရီအချိန်မှစ၍လည်းကောင်း၊ နေ့လည်ပိုင်းတွင် မွန်းလွဲ(၁၃း၀၀)နာရီအချိန်မှစ၍လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) နေပြည်တော်တွင် လူတွေ့နုတ်ဖြေနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပါသည်။
လူတွေ့စစ်ဆေးခံယူမည့်သူများသည် ဖြေဆိုချိန်မတိုင်မှီ(၃၀)မိနစ်ကြိုတင်၍ သတင်းပို့ရန်နှင့် အောက်ပါအထောက်အထား (မူရင်း) တို့ကို ယူဆောင်လာရမည်ဖြစ်ပါသည်။
(က) ဘွဲ့လက်မှတ်မူရင်း
(ခ) တက္ကသိုလ်အောင်လက်မှတ်မူရင်း
(ဂ) နိုင်ငံသားစစ်ရေးကတ်မူရင်း