26
Nov

International Journal of Environmental Research and Public Health (IJERPH) ၏ အထူးထုတ်စာစဉ် (Special Issue) အတွက် အသေးစားနှင့် တစ်နိုင် တစ်ပိုင်ရွှေတူးဖော်ရေးလုပ်ငန်းများရှိ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး သုတေသနစာမူများ တင်သွင်းနိုင်ရေးကိစ္စ

နိုင်ငံတကာ ဂျာနယ်တစ်ခုဖြစ်သော International Journal of Environmental Research and Public Health (IJERPH) ၏ အထူးထုတ်စာစဉ် (Special Issue) အတွက် အသေးစားနှင့် တစ်နိုင်တစ်ပိုင်ရွှေတူးဖော်ရေးလုပ်ငန်းများရှိ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး သုတေသနစာမူများ တင်သွင်းလိုပါက အောက်ပါအချက်များအား ထည့်သွင်းသွားရမည် ဖြစ်ပါသည်-

(က)    International Journal of Environmental Research and Public Health (IJERPH) မှ အသေးစားနှင့်တစ်နိုင်တစ်ပိုင်ရွှေတူးဖော်ရေးလုပ်ငန်းများရှိ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး အထူးထုတ်စာစဉ် (Special Issue) အတွက် သုတေသနစာမူများ တင်သွင်းနိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေ ဖြင့် ဖိတ်ခေါ်လိုပါကြောင်း၊

(ခ)     IJERPH ဂျာနယ်တွင် သုတေသနစာမူ တင်သွင်းပါက စာမူတင်သွင်းခများကို (Sustainable Regional Innovation for Reducing Environmental Pollution –SRIREP) Project မှ ကျခံမည် ဖြစ်ပါကြောင်း၊

(ဂ)     တင်သွင်းလာသော စာမူများအနက်မှ ရွေးချယ်ခံရသူများကို IJERPH အယ်ဒီတာရုံးမှ တဆင့် ဖိတ်ခေါ်မည်ဖြစ်ပြီး အဆိုပါစာမူများကို စုစည်း၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စာအုပ်ထုတ်မည်ဖြစ်ပါသဖြင့် ၁၅-၁၂-၂၀၂၀ ရက်နေ့အမှီ သုတေသနပြုလုပ်ထားသော စာမူများ သို့မဟုတ် သုတေသနပြုလုပ်ဆဲ စာမူများအား တင်သွင်းနိုင်ပါကြောင်း၊

(ဃ)    သုတေသနစာမူတင်သွင်းရာတွင် တင်သွင်းလာသော စာမူသည် အောက်ပါအချက်အလက် များနှင့် ကိုက်ညီမှုရှိရပါမည်-

Articles:        တင်သွင်းလာသော သုတေသနစာမူသည် ကိုယ်တိုင်ရေးသားသော စာမူ မူရင်း ဖြစ်ရန်၊ သိပ္ပံနည်းကျ စမ်းသပ်ထားမှုများနှင့် ခိုင်မာသော အချက် အလက်များရှိရန်၊ သုတေသနဆိုင်ရာ စစ်တမ်းကောက်ယူမှုများသည် သိသာ ထင်ရှားပြီး အရည်အသွေးနှင့် သက်ရောက်နိုင်မှုများအား အဓိက စိစစ် သတ်မှတ်ထားရန်နှင့် စာမူတွင် အနည်းဆုံး စာလုံးရေ (၃၀၀၀) ရေးသားရန်၊

Reviews:       သုတေသနပြုလုပ်သော ဧရိယာ၏ နောက်ဆုံးလက်ရှိအခြေအနေပေါ် မူတည်၍ ကျစ်လျစ်ပြည့်စုံမှုနှင့် တိကျရှင်းလင်းမှုရှိရန်၊ PRISMA Guidelines ကို နမူနာလေ့လာ၍ ရေးသားရန်နှင့် စာမူတွင် အနည်းဆုံး စာလုံးရေ (၄၀၀၀) ရေးသားရန်၊

Case Reports: လူနာ (၁) ဦးချင်းစီ၏   အသေးစိတ်အချက်အလက်များ (ဉပမာ- လက္ခဏာ၊ သ‌ေင်္ကတ၊ ဆေးစစ်တမ်းတွေ့ရှိချက်၊ ကုသမှုဆိုင်ရာမှတ်တမ်း၊ ရလဒ်) များ နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု (သို့မဟုတ်) ကုသမှုများကို ပိုမိုတွင်ကျယ်တိုးတက်လာစေရန် ထူးခြားသည့် ဖြစ်စဉ်နှင့် အခြေအနေများ ကို ရေးသားဖော်ပြရန်။

သို့ဖြစ်ပါ၍ International Journal of Environmental Research and Public Health (IJERPH) ၏ အထူးထုတ်စာစဉ် (Special Issue) အတွက် အသေးစားနှင့်တစ်နိုင်တစ်ပိုင်ရွှေတူးဖော်ရေး လုပ်ငန်းများရှိ ပတ်ဝန်းကျင်ဆိုင်ရာနှင့်ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး သုတေသန စာမူများ တင်သွင်းပေးပို့လိုပါက ပူးတွဲပါ Template တွင် ထည့်သွင်းရေးသား၍ ပေးပို့နိုင်ပါကြောင်းနှင့် အသေးစိတ်လေ့လာလိုပါက https://www.mdpi.com/journal/ijerph/instructions တွင် ဝင်ရောက် လေ့လာ၍ ပေးပို့နိုင်ပါသည်။