Environmental Quality Guidelines - EQG (မူကြမ်း)နှင့် ပတ်သက်သည့်ရှင်းလင်းပွဲသို့ တက်ရောက်ပါရန်ဖိတ်ကြားခြင်း

၁။ EQG (မူကြမ်း) ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အာရှဖွံ့ဖြိုးမှုဘဏ်မှ Environmental Safeguards and Monitoring Specialist ဖြစ်သူ Mr. Iain Watson နှင့် International Management Group မှ အမျိုးသားနည်းပညာအကြံပေး ဦးရန်မင်းအောင်တို့ ပူးပေါင်းပြုစုဆောင်ရွက်လျက်ရှိရာ Environmental Quality Guidelines မှာ မူကြမ်းအဆင့် ရေးဆွဲပြုစုပြီးဖြစ်သဖြင့် EQG (မူကြမ်း) ရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဗဟိုဌာန (IBC) ၌ Asian Development Bank (ADB) မှ ကူညီပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။