08
Oct

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုများ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ “မွန်ထရီရယ် သဘောတူစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့စွမ်းအင်ချွေတာအအေးပေးစနစ်ဖြင့် ကျွန်ုပ်တို့ အစားအစာနှင့်ဆေးဝါးများကို ထိန်းသိမ်းကြစို့ (Montreal Protocol-Keeping Us, Our Food and Vaccines Cool)” ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ် အစီအစဥ် လှုပ်ရှားမှုများအား လတ်တလောဖြစ် ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အခြေအနေပေါ် မူတည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် များမှ ထုတ်ပြန်လျက်ရှိသော လမ်းညွှန်ချက်များ၊ ဒေသန္တရအမိန့်များနှင့်အညီ လိုက်နာ၍ ပဲခူးခရိုင် အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများသို့ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ လက်ကမ်းစာစောင် များနှင့် အသိပညာပေးဗီဒီယိုများ ဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာများအား ပဲခူးမြို့တွင်း စိုက်ထူခြင်း၊ ပဲခူးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပညာ ပေးဗီဒီယိုအား ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။