မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရေဒီယိုအစီအစဉ်မှ(၂၁-၅-၂၀၂၃) ရက်နေ့မှ (၂၇-၅-၂၀၂၃) ရက်နေ့အထိ တစ်ပတ်အတွင်း ထုတ်လွှင့်ခဲ့သည့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို (၂၈-၅-၂၀၂၃) ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း၊ (၂၈-၅-၂၀၂၃) ရက်နေ့မှ (၃-၆-၂၀၂၃) ရက်နေ့အထိ တစ်ပတ်အတွင်း ထုတ်လွှင့်ခဲ့မှုများကို (၄-၆-၂၀၂၃) ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် လည်းကောင်း ဥာဏ်စမ်းပဟေဠိ မေးခွန်း (၈)ခု မေးမြန်းသွားမည်ဖြစ်ပါသည်။ ဖြေဆိုလိုသူများအနေဖြင့် အဆိုပါရက်နေ့များတွင် ညနေ ၄ နာရီခွဲမှ ညနေ ၅ နာရီအတွင်း ဖုန်းနံပါတ် ၀၆၇-၈၀၇၉၂၃၄ သို့ ဆက်သွယ်ဖြေဆိုနိုင်ကြပါသည်။ မေးခွန်း(၈)ခုစလုံးအား သတ်မှတ်ချိန်အတွင်း အမှန်ဆုံးနှင့် အမြန်ဆုံး ဖြေကြားနိုင်သူများကို တစ်ဦးလျှင် (၅၀၀၀/-ကျပ်) ဆုငွေချီးမြှင့်သွားမည်ဖြစ်ပြီး ဆုငွေအား ဖုန်းဖြင့် ငွေလွှဲပေးသွားမည် ဖြစ်ပါသည်။

ecd logo

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း (၁၄-၈-၂၀၁၇) မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

ecd logo