19
Jan

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာများကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉၊ ၆၆၊ ၈၀) အရ အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများအပေါ် လူမှုပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်ပေးရန်ရှိပါက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ nreia.env@gmail.com  သို့ အကြံပြုပေးပို့ နိုင်ပါသည်-

(၁)     Century Bright Gold Co.,Ltd ၏ ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်း Bo Wei Resort စီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအစဉ် (တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာ အုပ်စု၊ မြေကွက်အမည်နှင့် အမှတ် (၂/OSS၊ စူငယ်ကာလိုင်းကြေးတိုင်ပြင်၊ ဘိုဂီးကျွန်းပေါ်ရှိ မြေဧရိယာ (၁၉၄) ဧကအနက် (၁၁.၈၆) ဧကပေါ်တွင်)

(၂)      Good Shan Brother Co.,Ltd၏ ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်း Saytan Island Resort စီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအစဉ် (တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီး ကျေးရွာ၊ မြေကွက်အမည်နှင့် အမှတ် (၂၅/OSS)၊ ဇာဒက်ကြီး ကြေးတိုင်ကွင်းပြင်၊ စေတန်ကျွန်းရှိ မြေဧရိယာ(၁၅.၈)ဧကပေါ်တွင်)

www.ecd.gov.mm  website ၏ မူဝါဒနှင့်ဥပ​​​​ဒေများ Link အောက်တွင် zip pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download