
10
Sep
ကြားကာလအကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်း အထောက်အထားလက်မှတ်များအား သက်တမ်းတိုးနိုင်ကြောင်း အကြောင်းကြားခြင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အပိုဒ် ၁၇ (က) အရ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း ဆောင်ရွက်ရန် ကြားကာလအကြံပေးလုပ်ကိုင်သူ မှတ်ပုံတင်ခြင်း အထောက်အထားလက်မှတ် ထုတ်ပေးထားသည့် ပုဂ္ဂိုလ် (၂၅၇) ဦး နှင့် အဖွဲ့အစည်း (၇၂) ဖွဲ့တို့မှ
အထောက်အထားလက်မှတ် (မူရင်း) နှင့်တကွ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ သက်တမ်းတိုးမြှင့် လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားပါသည်။
0 comments